သူငယ်ချင်းကောင်း၊
မိတ်ဆွေကောင်းဆိုတာ ကိုယ်လိုအပ်တဲ့အချိန်မှာ ကိုယ့်အနား ကို ရောက်လာတဲ့သူလို့
ကျွန်မကတော့ယူဆတယ်။ ကျွန်မတို့ မိတ္ထီလာမှာ ဖြစ်ပျက်ခဲ့တဲ့ အဓိ ကရုဏ်း ကြောင့် ကျွန်မစိတ်ညစ်နေတဲ့အချိန်မှာ
ကျွန်မကိုအားပေးစကားပြောခဲ့တဲ့ သူငယ်ချင်းကောင်း နဲ့ မိတ်ဆွေကောင်းကို ကျွန်မတွေ့ခဲ့ရပါတယ်။
ကျွန်မသူတို့ကို စိတ်ထဲကနေလည်း အရမ်းကိုကျေးဇူး တင်မိသွားပါတယ်။ သူငယ်ချင်းကောင်း၊
မိတ်ဆွေကောင်းဆိုတာ ကိုယ်အခက် အခဲတွေ့ နေတဲ့အချိန်မှာ ဘေးနားမှာရှိနေတတ်တာပဲ။
ကျွန်မအခုမှ ကိုယ့်ကိုယ်ဂရုတစိုက်နဲ့လှမ်းမေးတဲ့ သူငယ်ချင်းနဲ့မိတ်ဆွေကို
တွေ့ခဲ့ရပါတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့ဟာ ကျွန်မဆီကို အခုလို လှမ်းမေးမယ်လို့
မထင်ထားခဲ့မိပါဘူး။ တကယ်တန်းဖြစ်တဲ့အချိန်မှာတော့ သူတို့ဟာ ကျွန်မဆီကို
ဆက်သွယ်ရေးလိုင်းတွေ ဒီလောက်ခက်ခက်ခဲခဲခေါ်နေရတဲ့ ကြားထဲကနေကို ကျွန်မဆီကို
ဖုန်းရအောင် ဆက်သွယ်ပြီး အားပေးခဲ့သူတွေပါ။
သူတို့နဲ့
ကျွန်မဟာငယ်သူငယ်ချင်းတွေလည်းမဟုတ်သလို၊ ငယ်ကတည်းကခင်မင်တဲ့ မိတ်ဆွေတွေလည်း
မဟုတ်ခဲ့ပါဘူး။ မိတ်ဆွေအစ်မကြီးတစ်ယောက်ဆို ကျွန်မနဲ့သိတာ လ ပိုင်း လောက်ပဲရှိပါသေးတယ်။
ဒါပေမဲ့ သူမဟာ ကျွန်မအပေါ်မှာ မိတ်ဆွေပီသစွာမေးမြန်း အား ပေးခဲ့ပါတယ်။ နောက်သူငယ်ချင်းတစ်ယောက်
ဆိုရင်လည်း ရေခြားမြေခြားကနေပြီးတော့တောင် ကျွန်မဆီကို ဖုန်းရအောင်ဆက်ပြီး
မေးမြန်းအားပေးခဲ့ပါတယ်။ ဒါကြောင့် ကျွန်မရလိုက်တဲ့ အသိတစ်ခု ကတော့ လောကမှာ
သူငယ်ချင်းတွေ မိတ်ဆွေဆိုတာတွေ အများကြီးရှိပါတယ်။ ဒါပေမဲ့ သူငယ်ချင်းကောင်း
မိတ်ဆွေကောင်း ဆိုတာ ကိုတော့ တွေ့ရဖို့ရာတော့အလွန်ခဲယဉ်းပါတယ်။
ကျွန်မစိတ်ညစ်တဲ့အချိန်မှာ အားပေးခဲ့တဲ့ သူငယ်ချင်းနဲ့မိတ်ဆွေကြောင့်
ကျွန်မအားတက်ခဲ့ရပါတယ်။
ဒါ့အပြင်
ကျွန်မရဲ့ဆရာမကိုလည်း ကျေးဇူးတင်မိပါတယ်။ ဆရာမကလည်း ကျွန်မကိုသတိ တရ ဖုန်းဆက်ပြီး
မေးမြန်းအားပေးခဲ့ပါတယ်။ အဓိကရုဏ်းတွေဖြစ်နေတဲ့အချိန်မှာ အခုလိုအားပေးပြီး
ဖုန်းဆက်ပေးတာကိုက ကျွန်မအတွက် အားဆေးတစ်ခွက်ပါပဲ။ သူငယ်ချင်း၊မိတ်ဆွေနဲ့
ဆရာမတို့နဲ့ ဖုန်းပြောပြီးရင် ကျွန်မရဲ့ စိတ်တွေဟာ ပြန်လည်လန်းဆန်းလာပါတယ်။
ဒါကြောင့် ကျွန်မရဲ့ရင်ထဲမှာ အမြဲတမ်းထည့်သိမ်းထားရမယ့်သူတွေပါ။
ကျွန်မအခုလို
သူငယ်ချင်းကောင်း၊ မိတ်ဆွေကောင်းနဲ့တွေ့ရသလို ဒီလောကကြီးမှာရှိတဲ့ သူအားလုံးလည်း
မိတ်ဆွေကောင်း၊ သူငယ်ချင်းကောင်းတွေနဲ့ တွေ့ကြပါစေလို့ နှစ်သစ်ဆုမွန်ကောင်း အနေနဲ့
ဆုမွန်ကောင်းတာင်းပေးလိုက်ပါတယ်။
No comments:
Post a Comment